ဆံပင်ကေက စုန်းမနဲ့ တူတယ် ပြောတဲ့သူတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ချယ်ရီသင်း

လက်ရှိဆံပင်ကေကြောင့် စုန်းမနဲ့ တူတယ်လို့ တစ်ချို့တွေက ကွန်းမန့်မှာ အပြောခံရတာတွေကို ချယ်ရီသင်းက တုံ့ပြန်လာခဲ့ပါတယ်။

ဆံပင်အရောင်ဆန်းတွေကို နှစ်သက်တဲ့ ချယ်ရီသင်းဟာ အမြဲလိုလို ဆံပင်အရောင်ပြောင်းလေ့ရှိသူလည်း ဖြစ်ပါတယ်။

-ဒေါ်ကီဆပေါ်ကင်နဲ့ကို ဆော်ကုန်းမနဲ့တူတယ်လို့မန့်တွေမှာတွေ့ပါတယ်
-ဒေါ်ကာပေမဲ့ ကျမော်က ကဆပေါ်ကင်ကိုအရော်ကောင်မဆော်ကိုးပဲမနေနိူင်တာနဲ့ Crazy ဖြစ်လို့ပါရှင့်
-မကျော်ကိုက်ရင်မျော်ကပ်လုံးသားမှိတ်ပြီးကျော်ကော်ပြစ်ပါနော်🙏🙏🙏🙏🙏

ချယ်ရီသင်း

ဒီဆံပင်ကေနဲ့ စုန်းမနဲ့ တူတယ်လို့ မန့်တွေမှာ တွေ့ပါတယ်။ ဒါပေမဲ့ ကျွန်မက ဆံပင်ကို အရောင်မဆိုးပဲ မနေနိုင်တာနဲ့ Crazy ဖြစ်လို့ပါရှင့်။ မကြိုက်ရင် မျက်လုံးသာမှိတ်ပြီး ကျော်ပစ်ပါနော် လို့ သူမရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပြန်လည် တုံ့ပြန်လာတာ ဖြစ်ပါတယ်။

ALSO READ: Yin May Hnin, gorgeous in black dress

ဆံပင်အရောင်ဆိုးရတာ ကြိုက်တဲ့ ချယ်ရီသင်းဟာ မကြာခဏ ဆံပင်အရောင်ပြောင်းတတ်တာကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်က ပုံတွေအရ သိနိုင်ပါတယ်။

အဆိုတော် ချယ်ရီသင်းဟာ လူငယ်ကြိုက်သီချင်းလေးတွေ ဖန်တီးပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ သူ ဖြစ်ပြီး မကြာသေးခင်ကလည်း “ထားခဲ့” ဆိုတဲ့ သီချင်း MV ထွက်ရှိထားပါတယ်။