လက်ရှိဆံပင်ကေကြောင့် စုန်းမနဲ့ တူတယ်လို့ တစ်ချို့တွေက ကွန်းမန့်မှာ အပြောခံရတာတွေကို ချယ်ရီသင်းက တုံ့ပြန်လာခဲ့ပါတယ်။
ဆံပင်အရောင်ဆန်းတွေကို နှစ်သက်တဲ့ ချယ်ရီသင်းဟာ အမြဲလိုလို ဆံပင်အရောင်ပြောင်းလေ့ရှိသူလည်း ဖြစ်ပါတယ်။



-ဒေါ်ကီဆပေါ်ကင်နဲ့ကို ဆော်ကုန်းမနဲ့တူတယ်လို့မန့်တွေမှာတွေ့ပါတယ်
ချယ်ရီသင်း
-ဒေါ်ကာပေမဲ့ ကျမော်က ကဆပေါ်ကင်ကိုအရော်ကောင်မဆော်ကိုးပဲမနေနိူင်တာနဲ့ Crazy ဖြစ်လို့ပါရှင့်
-မကျော်ကိုက်ရင်မျော်ကပ်လုံးသားမှိတ်ပြီးကျော်ကော်ပြစ်ပါနော်
ဒီဆံပင်ကေနဲ့ စုန်းမနဲ့ တူတယ်လို့ မန့်တွေမှာ တွေ့ပါတယ်။ ဒါပေမဲ့ ကျွန်မက ဆံပင်ကို အရောင်မဆိုးပဲ မနေနိုင်တာနဲ့ Crazy ဖြစ်လို့ပါရှင့်။ မကြိုက်ရင် မျက်လုံးသာမှိတ်ပြီး ကျော်ပစ်ပါနော် လို့ သူမရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပြန်လည် တုံ့ပြန်လာတာ ဖြစ်ပါတယ်။
ALSO READ: Yin May Hnin, gorgeous in black dress


ဆံပင်အရောင်ဆိုးရတာ ကြိုက်တဲ့ ချယ်ရီသင်းဟာ မကြာခဏ ဆံပင်အရောင်ပြောင်းတတ်တာကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်က ပုံတွေအရ သိနိုင်ပါတယ်။






အဆိုတော် ချယ်ရီသင်းဟာ လူငယ်ကြိုက်သီချင်းလေးတွေ ဖန်တီးပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ သူ ဖြစ်ပြီး မကြာသေးခင်ကလည်း “ထားခဲ့” ဆိုတဲ့ သီချင်း MV ထွက်ရှိထားပါတယ်။
Leave a Review