ဘဲနဲ့ပုံကို ချပြလိုက်တဲ့ မင်းသမီးလေး မှူးသခင်

ချစ်စရာအမူအရာတွေနဲ့ ပရိသတ်ချစ်ခင်မှု ရရှိထားတဲ့ မင်းသမီးလေး မှူးသခင်ဟာ ဘဲ နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပရိသတ်တွေကို ချပြလိုက်ပြီ ဖြစ်ပါတယ်။

“ဘဲမရှိဘူးလို့ပြောကြလွန်းလို့ ဘဲရှိကြောင်းသက်သေပြတာ😌😌” လို့ မှူးသခင်က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

မှူးသခင်ဟာ ကမ္ဘောဇဓါးသမား ဇာတ်လမ်းတွဲမှာ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက် ပရိသတ်တစ်ဦးအဖြစ်လည်း လူသိများပါတယ်။ ချစ်စရာမျက်နှာလေးနဲ့ အမူအယာတွေကြောင့် လူမှုကွန်ယက်မှာ ပရိသတ်အားပေးမှု မြင့်တက်လျက်ရှိပါတယ်။